This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, March 10, 2013

ဒေါအောင်ဆန်းစုကြည်နှင့်ဆေးမန်း။

အဂတိမလိုက်စားပါဟူသောဆေးတက္ကသိုလ်မန်းပါချုပ်ဦးသန်းဝင်းအားနိုင်ငံတော်ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့် ဒေါ်စုမှဦးဆောင်ပြီး 27.2 ရက်တွင်နေပြည်တော်မှာတရားစွဲဆိုသွားမည်ဖြစ်ပါသည်
ဦးသန်းဝင်းသူငယ်ချင်းများဖြစ်သော ကျန်းမာရေးဝန်ကြီးစိုင်းမောက်ခမ်း
ဦးသန်းဇော်မြင့်တို့ မှ အကာအကွယ်ပေးနေမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ
တွေ့ရှိကာ စစ်ဆေးနေခြင်းဖြစ်သည်
ရုံးဝန်ထမ်းမစန်းလှအား မတရား မယူမနေရပင်စင်ပေးခြင်းအပေါ်ပြန်လည်
စုံစမ်းစစ်ဆေးရာ တရားခွင်တွင်ဦးသန်းဝင်းမှ 7 မှတ်။မစန်းလှမှ113 မှတ်ရရှိခဲ့
ပြီး မစန်းလှမှအနိုင်ရခဲ့သော်လည်းနောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီးမှ
အမှုပိတ်သိမ်းခိုင်းရာ ဒေါ်စုမှသိရှိသွားပြီးထပ်မံတရားစွဲဆိုလိမ့်မည်
နိုင်ငံတော်ငွေကြေးသိန်းထောင်နှင့်ချီပြီးကွာဟနေခြင်းဖြစ်သည်

နိုင်ငံတော်အဆင့်ထိပင်သက်ရောက်လာပြီလော။

ယနေ့တွင် ငွေစာရင်းသိန်းပေါင်းသုံးထောင်ကျော်ကွာဟမှုကိုထောက်ပြသဖြင့် Force to retire ပင်စင်အပေးခံရသောမစန်းလှမှသက်သေအဖြစ်ဆောင်ရွက်ရန်နေပြည်တော်သို့ထွက်ခွာသွားပြီဖြစ်သည်
ယခုအမှုကို ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့်အစိုးရမှတရားစွဲမည်ဖြစ်ပြီး
ဒေါ်စုမှကြားနာမည်ဖြစ်သည်
ယခင်က လူ့အခွင့်အရေးနှင့်နိုင်ငံသားအခွင့်အရေးကော်မရှင်တွင်
ဦးဧမောင်မှ ဦးဆောင်ကာစုံစမ်းစစ်ဆေးခဲ့ရာ ဦးသန်းဝင်းမှ အမှတ်၇
မှတ် ။မစန်းလှမှ၁၁၄ မှတ်ဖြင့် အပြတ်အသက်အနိုင်ရခဲ့သော်လည်း
ဝန်ကြီးမှအမှုပိတ်သိမ်းခိုင်းရာ ပြည်သူများအကြားလွှတ်တော်အထက်တွင်ဝန်ကြီးရှိသည်ဟူသောပြောဆိုချက်များထွက်ပေါ်လာခဲ့သည်
ဂျာနယ်များမှလည်းတိုက်တွန်းပြောဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သောကော်မရှင်မှစုံစမ်းသိရှိပြီး
ယခုအမှုကို သူမကိုယ်တိုင် စုံစမ်းသွားမည်ဟုသိရှိရသည်

Part 1 မှကိုတော်ချော။

ပြောမယုံကြုံဘူးမှသိ

ဆေး၁၊ဆေး၂၊ဆေးမကွေးမှပါချုပ်များနှင့်မြန်မာနိုင်ငံရှိတက္ကသိုလ်များမှပါချုပ်များခင်ဗျားကျွန်တော်ကဆေးမန်မှpart 1ကျောင်းသားဖြစ်သည့်အပြင်2011တွင်last chanceကျောင်းသားဖြစ်ပါသည်
ကျွန်တော်သည်နယ်မြိုမှလာတက်ရသူဖြစ်ပြီးအခက်အခဲတခုကြောင့်ကျောင်းအပ်ရက်တစ်ပါတ်နောက်ကျသွားပါသည်ထိုသိုနောက်ကျသွားသဖြင့်ကျွန်တော့်ကိုလက်သင့်မခံဘဲအကျတကျသတ်မှတ်လိုက်သဖြင့်ကျွန်တော်ကျေင်းထွက်လိုက်ရပါသည်
ဆရာကြီးမျာခင်ဗျားဒီအဖြစ်တွေဟာတကယ်ဖြစ်ရပ်မှန်တွေပါကျွန်တော်သိလိုသည်မှာဆရာကြီးတို့ကျောင်းမှာက်ျကဲ့သိုကျောင်းအပ်ရက်တစ်ပါတ်တည်းနောက်ကျရုံနှင့်LCကျောင်းသားကိုကျောင်တက်ခွင့်ပယ်ပစ်ပါသလာခင်ဗျာ
နာမည်ကြီးဆေးခန်းပိုင်ရှင်၏သားကျောင်းသားကိုသက်ညှာပေးသလိုကျွန်တော်တိုကိုသက်ညှာမပေးနိုင်ဘူးလာခင်ဗျာ
ဒီအဖြစ်တွေကိုကြားရသူအပေါင်းကမယုံကြပါမယုံနိုင်လောက်အောင်လည်းရက်စက်လွန်းလှပါတယ်အချိန်မရွေးစုံစမ်းနိုင်ပါတယ်
ဆရာကြီးများ၏မျှတသောဝေဖန်ချက်များကိုလည်းကျွန်တော်သိလိုပါတယ်ခင်ဗျာ

ဆေးကျောင်းမှကံဆိုးသူလေး။

ကျွန်တော်တွေးမိသမျှ

ကျွန်တော်ကဆေးမန်းကနှစ်ကြိမ်ကျကျောင်သားပါအရင်ရက်တွေကလည်းရေးဘူးပါတယ်ဝန်ခံပါတယ်ပထမအကြိမ်တုန်းကကျနော်ပေါ့မိပါတယ်ဒုတိယအကြိမ်မှာကျနော်လုံးဝမပေါ့ပါဘူးရှေစာမေးပွဲ့နှစ်ခုစလုံးအောင်ရုံမကအမှတ်ကောင်းပါတယ်စာမေးပွဲကြီးမှာzooကျပါတယ်Botနှင်တကွအခြားဘာသာများနှင့်လက်တွေများအားလုံအောင်ပါတယ
ကျနော်ဂိမ်းကစားဘို့ဝေးစွအိမ်ထဲကအိမ်ပြင်တောင်မထွက်ရပါဘူး
ပညာရေးနှင့်မကင်းကွာသူတိုင်းအားလုံသိပါတယ်ကျနော်လိုအခြေနေမျိုးဆိုရင်မည်သိုမှမချသင့်ပါထိုပြင်ကျနော်လိုLast chanceကျောင်းသားကိုညှာတာစွာစဉ်းစားပေးသင့်ပါသည်ယခုထွက်ရသောကျောင်းသားများသည်များသောအားဖြင်ပြစ်စလက်ခတ်အခြေနေဆိုးသောသူများနဲပါသည်
ကျနော်ဂိမ်းမကစားရ်ျဆေးမန်းမှကျောင်းသားများအားလုံးမကစားဟုမပြောလိုပါဆေးမန်းမှကျောင်းသားများဂိမ်းကစားလျှင်အခြားသောဆေးကျောင်းသုံးကျောင်းမှကျောင်းသားများမည်သိုနည်းသူတိုလည်းထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်းပါပင်တည်း
ဒါဆိုလျှင်အဘယ်ကြောင့်ပထမနှစ်တွင်အခြားဆေးကျောင်းသုံးကျောင်းစုစုပေါင်းထွက်ရသောဦးရေမှာ(၁၃)ယောက်သာဖြစ်ပြီးဆေးမန်းမှထွက်ရသောကျောင်းသားမှာ(၄၀)ဖြစ်နေရသနည်း
အဘယ်ကြောင့်ထွက်ရသောကျောင်းသားဦးရေသည်ယခုလေးနှစ်အတွင်းမှာအခြားကျောင်းများထက်များရသနည်း
ကျောင်းသားများပေါ့သည်ဟုဆိုလျှင်အဘယ်ကြောင့်လေးနှစ်စလုံးပေါ့ကြသနည်း
ထိုအမေးကိုကျနော်တွေးမိသမျှပြောရလျှင်
၁။ဆေးမန်းမှပါချုပ်သည်qualitycontrolရှိပြီးအခြားဆေးကျောင်းမှပါချုပ်များသည်qualitycontrolမရှိရ်ျဆေးမန်းမှာထွက်ရသောကျောင်းသားများပြီးအခြားဆေးကျောင်းမှထွက်ရသောကောင်းသားနည်းရခြင်းလား
၂။အခြားသောဆေးကျောင်းမှပါချုပ်များထိမ်းမှုကောင်းသောကြောင်ထွက်ရသောကျောင်းသားနည်းပြီဆေးမန်းမှပါချုပ်ကထိမ်းသိမ်းမှုညံ့ဖျင်းသောကြောင်လေးနှစ်စလုံးလေလွင်သောကျောင်းသားများရ်ျထွက်ရသောကျောင်းသားများရခြင်းလား
။အောက်တိုဘာ၂၂ရက်နေ့ကDvBကထုတ်ဖော်ထားသည့်အတိုင်းအမှတ်မမီသောကျောင်းသားများကိုလကသိပ်ထိုးလက်သင်ခံခြင်းကြောင့်လက်ရှိကျောင်းသားများကိုစစ်ထုတ်နေခြင်းလား
ထိုသုံးခုမှတစ်ခုကတောမလွဲ့ဧကန်ဖြစ်တန်ရာသည်ဟု-------

talk2dvb တွင်ဆရာမတစ်ယောက်၏စာအားနေဇော်နိုင်မှဖတ်ကြားချက်

talk2dvb တွင်ဆရာမတစ်ယောက်၏စာအားနေဇော်နိုင်မှဖတ်ကြားချက်

ကျွန်တော်တို့နော် ကျွန်တော်တို့မန်းလေးဆေးတက္ကသိုလ်ကလာတဲ့စာလေးတစ်စောင်ကိုအခုဖတ်ပြမှာဖြစ်ပါတယ်
ပြီးခဲ့တဲ့ရက်ကဒီမိုကရက်တစ်မြန်မာ့အသံမှာ ငွေစာရင်းကွာဟမှုကိုထောက်ပြတဲ့သူဟာညှိနှိုင်းလို့ပြေလည်သွားတဲ့အကြောင်းလေးကြည့်လိုက်ရပါတယ်
ဒီကိစ္စတွေဟာလွန်ခဲ့တဲ့နှစ်အတောအတွင်းအမှန်တကယ်ဖြစ်ပျက်နေတာပါ ဒီကိစ္စတွေဖြစ်တိုင်းအလွယ်တကူပြေလည်သွားလေ့ရှိပါတယ်
ဥပမာပြောရရင်အားကစားကွင်းမရှိဘဲနဲ့အားကစားကြေးတွေကောက်ခံနေတာအောင်ဆန်းဆောင်ကြီးပြုပြင်ဖို့ဆိုပြီးအလှူငွေတွေကောက်အခုထိမပြုပြင်သေးတာ
လူကြီးသားသမီးတွေစာမေးပွဲတွေအအောင်ပေးတာကျောင်းကငွေတွေပေးသွင်းခြင်းမပြုတာ ဒါတွေကလူသိများတဲ့ကိစ္စတွေပဲရှိသေးတယ်တခြားကိစ္စတွေက
အမြောက်အများရှိပါသေးတယ် တဲ့ အခုတလောကတော့မန်းလေးဆေးကျောင်းကသတင်းတွေအပြင်မှာတော်တော်လေးကြားနေရပါတယ်တဲ့
ဒါကိုအထက်လူကြီးတွေကဘာမှအရေးမယူတာတော့တော်တော့်ကိုအံ့သြစရာကောင်းနေပါတယ် ပြသနာတွေဖြစ်တိုင်းအလွယ်တကူပျောက်ပျက်သွားတာတွေ
ပေါ့ရှင် ကျွန်မတို့ဆရာတွေဆိုလည်း (ဟောသူလည်းဆရာတစ်ဦးပါပဲ) ဆရာတွေဆိုရင်လည်းတဲ့ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပေါင်းစပ်သင်ကြားခွင့်မပြုပဲ
စာအုပ်ကြီးထဲကနည်းတွေအတိုင်းပဲသင်ကြားရပါတယ်တဲ့ စာမေးပွဲအဖြေလွှာတွေစစ်တဲ့အခါမှာလည်းစာအုပ်ဘေးမှာချစစ်ရပါတယ် စာအုပ်ဘေးမှာချစစ်ရတယ်တဲ့
ဥပမာ ဒီမှာရေးထားတာကတော့ maung write a note ဆိုရင် a note is written by maung ဆိုလို့ရှိရင် အမှတ်ကထက်ဝက်ကျော်လျှော့ရပါတယ်တဲ့
ဆိုတော့တခြားနိုင်ငံတွေရဲ့ပညာရေးစနစ်နဲ့ပြောင်းပြန်ဖြစ်နေတာပြောင်းလဲနေတဲ့နိုင်ငံတော်အတွက်တော့တော်တော့်ကိုနစ်နာရပါတယ်တဲ့
ဒီလိုနဲ့မထွက်သင့်ပဲကျောင်းကထွက်သွားတဲ့ကျောင်းသားတွေဟာလေးနှစ်အတွင်းလူပေါင်းလေးရာကျော်နေပါပြီတဲ့
ဆေးတက္ကသိုလ်တစ်ခုဟာလူလေးရာဝန်းကျင်ပဲခေါ်လေ့ရှိတယ် ဒီလိုဆိုလေးနှစ်အတွင်းမှာတစ်နှစ်စာကျောင်းသားကျောင်းသူတွေအစဉ်ထွက်နေရတဲ့သဘော
ဖြစ်နေတာပေါ့ ဒီကိစ္စတွေဟာလူမသိတဲ့ကိစ္စတွေလည်းမဟုတ်ဆေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့လူတွေအကုန်လုံးသိပါတယ်တဲ့
ဒါတွေကိစုံစမ်းစစ်ဆေးမှုတွေမလုပ်တာဟာလည်းထူးဆန်းစရာတော့မဟုတ်ဘူး အရင်အရာရှိကြီးတွေနဲ့အပေးအယူတွေလုပ်ထားတဲ့ကျောင်းသားတွေရှိတယ်
ဥပမာ အမှတ်မမှီပဲနဲ့ဆေးကျောင်းဝင်ခွင့်ရတဲ့သူတွေကိုမန်းလေးကိုပို့လိုက်ပါတယ် သူတို့ဟာဆေးကျောင်းကိုလျှောက်တယ်ကျောင်းရောက်လာတဲ့အတွက
လျှောက်လွှာတွေကို ညတွင်းချင်းဋ္ဌာနဆိုင်ရာအရာရှိတွေနဲ့ပေါင်း အဲလိုဝင်ခွင့်ရတဲ့သူတွေဟာတစ်နှစ်ကိုလူငါးဆယ်ဝန်းကျင်ရှိပါတယ်
ဆေးကျောင်းကလူလေးရာခေါ်တယ်ဆိုဆရာဝန်ဖြစ်လာရင်လူလေးရာထက်မကျော်ရပါဘူးတဲ့ အခုဆိုလေးရာကျော်နေပြီဖြစ်တယ်
အဲဒီအတွက်ပုံမှန်နည်းနဲ့ဝင်လာတဲ့(နော်)ပုံမှန်နည်းနဲ့ဝင်လာတဲ့လူငါးဆယ်ကိုဖြစ်တဲ့နည်းနဲ့ထုတ်ရပါတယ် မတရားနည်းနဲ့ဝင်လာတဲ့သူတွေဆိုရင်ဘယ်တော့မှ
ကျောင်းထုတ်လေ့မရှိပါဘူး အရင်နှစ်ကဆိုမမှန်မကန်ဝင်လာတဲ့ကျောင်းသားတစ်ယောက်ကိုကျောင်းထုတ်မိလိုက်တယ်
အဲဒီ့အခါညတွင်းချင်းပဲဋ္ဌာနဆိုင်ရာကားတွေရောက်လာပြီးတော့တဲ့ အဲ့ဒီ့ကျောင်းသားကိုအအောင်ပြန်ပေးရပါတယ်တဲ့ လွန်ခဲ့တဲ့နှစ်တွေကဆိုလည်းဒီလိုပါပဲ
အဲ့သလိုကျောင်းသားတွေအတွက်ဒီဘားစာရင်းတွေကိုနှစ်ခါထုတ်ပေးရပါတယ်တဲ့ နော် ပထမတစ်ခါထွက်လာပြီးမပါတော့နောက်တစ်ခါထပ်ထုတ်အဲဒီလိုပေါ
ထုတ်ပေးရပါတယ်တဲ့ နော် ဒါဟာ တစ်နှစ်တည်းမဟုတ်ပါဘူးတဲ့လွန်ခဲ့တဲ့လေးနှစ်လောက်ကစပြီး ပိုဆိုးလာတယ်တဲ့
ဒီကိစ္စတွေဟာကျန်းမာရေးဝန်ကြီးတောင်သိလားမသိလားမသိ မသိရင်လည်းအခုတော့ပြောလိုက်ရပါတယ်တဲ့
ဒါတွေကိုဘာလို့အခုမှပြောရသလဲဆိုရင် အရင်ကလိုစစ်အစိုးရခေတ်မှာဆိုရင်ပြောမိမှာမဟုတ်ပါဘူး အခုအခြေအနေတွေကလည်းပြောင်းလဲနေပြီ
ကျွန်မတို့ကျောင်းကြီးကမပြောင်းလဲသေးလို့ပါတဲ့ ဒီလိုပြောရတာဟာလည်းကျွန်မတစ်ယောက်တည်းပြောနေတာမဟုတ်ပါဘူး အခုဆိုရင်ကျွန်မနဲ့အတူဆရာမတွေ
အကုန်လုံးဝိုင်းပြီးရေးနေကြတာပါ မန်းလေးဆေးပတ်ဝန်းကျင်ကလူတွေလည်းသိပြီးသားကိစ္စဆိုတော့ အရေးယူတာမယူတာထားဦးကျောင်းမှာဒီလိုကိစ္စတွေ
ဆက်ပြီးမရှိသင့်တော့ဘူးလို့ ကျွန်မတို့အနေနဲ့ယုံကြည်တဲ့အတွက်အခုလိုတင်ပြတယ် ဒီကိစ္စတွေကိုဆောင်ရွက်ခဲ့တဲ့သူတွေကိုလည်းရာထူးမှမထုတ်ပယ်လည်း
ထားဦးဆက်ပြီးဖြစ်မလာသင့်တော့ဘူးလို့ထင်တဲ့အတွက်ရေးသားတင်ပြလိုက်ရတာပါတဲ့
ဒီကနေ့မှာတော့အဲဒီ့စာလေးတစ်စောင်ကိုကျွန်တော်တို့နောက်ဆုံးအနေနဲ့ဖတ်ကြားပေးရင်နဲ့မသီတာနဲ့ကျွန်တော်တင်ဆက်တဲ့ talk2dvb အစီအစဉ်ကိုဒီမှာပဲ
ရပ်နားလိုက်ရပါတယ်ခင်ဗျား